ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝထဲတွင် (၃၀-၄၀) နှစ်ခန့် အထိနေထိုင်နိုင်သော်လည်း ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့်နေရာများတွင်သက်တမ်း (၅၀) နှစ်ခန့် အထိနေထိုင်နိုင်ပါသည်။

အစားအစာ

အစုံစားလိပ်ဖြစ်ပြီး အသီးအနှံ၊ ကျောရိုးမဲ့၊ ကျောရိုးရှိသတ္တဝါငယ်များနှင့်အင်းဆက်ပိုးမွှားများကိုလည်းစားသောက်တတ်ပါသည်။

နေထိုင်ရာ

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ တောခြောက်များ၊ ချုံပုတ်တောများနှင့် ဆူးပင်ထူထပ်သော မြက်ခင်းပြင်များတွင် နေထိုင်ကြပါသည်။

နေထိုင်ဒေသ

မြန်မာနိုင်ငံအလယ်ပိုင်း၊ အထူးသဖြင့် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသများတွင်သာ တွေ့ရှိရသော ဒေသရင်းမျိုးစိတ် ဖြစ်သည်။

မြန်မာ့ကြယ်လိပ်

အမည် မြန်မာ့ကြယ်လိပ်
သိပ္ပံအမည် Geochelone platynota
အလျား ၂၀ မှ ၃၀ စင်တီမီတာခန့်
အလေးချိန် ၁.၃ မှ ၂.၂ ကီလိုဂရမ်ခန့်
အထီး အရွယ်ရောက်အသက် ၄-၇ နှစ်
အမ အရွယ်ရောက်အသက် ၅-၈ နှစ်
ကိုယ်ဝန်ဆောင်ကာလ ဥဥရက်မှာ (၃-၄) လအထိ ကြာမြင့် ပြီး တစ်ခါဥလျှင် (၃-၅) ဥ ဥ ပါသည်။
တစ်ကြိမ်မွေးအရေအတွက် တစ်ကြိမ်ဥလျှင် (၃-၅) ဥခန့် ဥလေ့ရှိပါသည်။
မူရင်းဒေသ Central Myanmar, particularly the dry zone areas of Mandalay, Magway, and Sagaing regions

ထူးခြားချက်များ

ကျောခွံသည် အညိုရင့်ရောင်(သို့မဟုတ်)အနက်ရောင်ပေါ်မှာ ကြယ်ပုံသဏ္ဌာန်အစင်းကြောင်းပါရှိသောကြောင့် “ကြယ်လိပ်” ဟု ခေါ်ကြပါသည်။

မှတ်ချက်

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN)မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသောမျိုးစိတ် (Critically Endangered) အဖြစ် သတ်မှတ်ထားပါသည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်