ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

မျောက်လွှဲကျော်လက်ဖြူများသည် ပုံမှန်အားဖြင့် တောရိုင်းသဘာဝထဲတွင် အသက် ၂၅ နှစ်မှ ၃၀ ခန့်အထိ နေထိုင်နိုင်ပြီး၊ မွေးမြူထားသည့် နေရာများတွင်မူ အသက် ၄၀ ကျော်အထိ ရှင်သန်နိုင်ကြသည်

အစားအစာ

အဓိကအားဖြင့် သစ်သီးဝလံများကို စားသုံးကြပြီး နောက်ထပ်ဖြည့်စွက်စာအဖြစ် သစ်ရွက်များ၊ ပန်းပွင့်များနှင့် ရံဖန်ရံခါတွင် အင်းဆက်ပိုးမွှားများကို စားသုံးလေ့ရှိကြသည်။

နေထိုင်ရာ

မျောက်လွှဲကျော်လက်ဖြူ များသည် အပူပိုင်း အမြဲစိမ်းသစ်တောများနှင့် အမြဲစိမ်းသစ်တောဆန်သည့်နေရာများတွင် နေထိုင်ကြပြီး၊ များသောအားဖြင့် မြေနိမ့်ပိုင်းနှင့် တောင်ကုန်းဒေသရှိ သစ်တောများ၏ သစ်ပင်အထက်ပိုင်း (Canopy) တွင် ကျက်စားကြသည်။

နေထိုင်ဒေသ

အရှေ့တောင်အာရှ - မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား နှင့် အင်ဒိုနီးရှား (ဆူမားတြားကျွန်း)

မျောက်လွှဲကျော်လက်ဖြူ

အမည် မျောက်လွှဲကျော်လက်ဖြူ
သိပ္ပံအမည် Hylobates lar
အလျား ကိုယ်အလျား ၄၂ မှ ၆၄ စင်တီမီတာခန့်
အလေးချိန် ၅ မှ ၇ ကီလိုဂရမ်ခန့်
အထီး အရွယ်ရောက်အသက် ၈ -၁၀ နှစ်
အမ အရွယ်ရောက်အသက် ၆-၈ နှစ်
ကိုယ်ဝန်ဆောင်ကာလ ၇ လခန့်ကြာမြင့်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် တစ်ကြိမ်မွေးလျင် တစ်ကောင်သာမွေးဖွားလေ့ရှိပါသည်။
မူရင်းဒေသ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဆူမားတြားကျွန်း အပါအဝင် အရှေ့တောင်အာရှရှိ သစ်တောများတွင် ရှင်သန်နေထိုင်ကျက်စားကြပါသည်။

ထူးခြားချက်များ

မျက်ကွင်းဖြူ မျောက်လွှဲကျော်သည် သေးငယ်သွက်လက်ပြီး သစ်ပင်ထက်တွင် နေထိုင်သော အမြှီးမပါသောမျောက်များအုပ်စု (Ape) ဖြစ်သည်။ ၎င်းတွင် သစ်ကိုင်းများအကြား လွှဲ၍သွားလာနိုင်ရန် ရှည်လျားသော လက်တံများ ပါရှိပြီး ဖြူဖွေးသော လက်ဝါးများနှင့် မျက်နှာအမှတ်အသားများ ရှိသည်။ ထို့အပြင် နယ်မြေသတ်မှတ်ရန် ကျယ်လောင်စွာ အော်ဟစ်တတ်ကြပါသည်။

မှတ်ချက်

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN)မှထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန် အန္တရာယ် ရှိသောမျိုးစိတ် (Endangered species) အဖြစ်သတ်မှတ်ထားပါ သည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်