ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

တိရစ္ဆာန်လေးများ

အချက်အလက်အကျဉ်း

အသက်ရှည်ကာလ

သဘာဝတောတောင်ထဲတွင် သက်တမ်း ၂၅ နှစ်မှ ၃၀ နှစ် အထိ နေထိုင်နိုင်ပြီး စနစ်တကျပြုစုထိန်းသိမ်းစောင့် ရှောက်ထားသည့်နေရာများတွင် သက်တမ်း အနှစ် ၅၀ ကျော် အထိပင် နေထိုင်နိုင်ကြသည်။

အစားအစာ

အစုံစားသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့သည် အဓိကအားဖြင့် အသီအနှံများ (အထူးသဖြင့် ညောင်သီးများ) ကို စားသုံးကြသလို၊ ပိုးမွှားများ၊ တွားသွားသတ္တဝါငယ်များ၊ ဖားများနှင့် ရံဖန်ရံခါတွင် ငှက်ငယ်လေးများနှင့် နို့တိုက်သတ္တဝါငယ်လေးများကိုလည်း ဖမ်းယူစားသောက်တတ်ကြသည်။

နေထိုင်ရာ

အပူပိုင်းနှင့် အပူလျော့ပိုင်း သစ်တောများ၊ မြစ်နားနီးသော တောအုပ်များ၊ ဒီရေတောများ၊ သစ်တောငယ်များ၊ စိုက်ပျိုးရေးခြံများနှင့် ရံဖန်ရံခါတွင် သစ်ပင်ကြီးများရှိသော မြို့ပြများ၌ နေထိုင်ကြသည်။

နေထိုင်ဒေသ

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံ အချို့အပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှ တစ်ခွင်လုံးတွင် တွေ့ရှိရသည်။

အောင်ချင်းငှက်

အမည် အောင်ချင်းငှက်
သိပ္ပံအမည် Anthracoceros albirostris
အလျား ၅၅ မှ ၆၀ စင်တီမီတာခန့်
အလေးချိန် ၆၀၀ မှ ၉၀၀ ဂရမ်ခန့်
အထီး အရွယ်ရောက်အသက် ၃ နှစ်မှ ၄ နှစ်
အမ အရွယ်ရောက်အသက် ၃ နှစ်မှ ၄ နှစ်ခန့်တွင် အရွယ်ရောက်ကြပါသည်။
ကိုယ်ဝန်ဆောင်ကာလ ဥဝပ်ချိန်မှာ ခန့်မှန်းခြေအားဖြင့် ၂၈ ရက်မှ ၃၀ ရက်ခန့် ကြာမြင့်ပါသည်။
တစ်ကြိမ်မွေးအရေအတွက် ပုံမှန်အားဖြင့် တစ်ကြိမ်ဥဥလျှင် ၂ မှ ၃ ဥအထိ ဥလေ့ရှိပါသည်။
မူရင်းဒေသ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများ

ထူးခြားချက်များ

ခန္ဓာကိုယ် အရွယ်အစား အလတ်စားရှိသော ငှက်အမျိုးအစား ဖြစ်သည်။ ၎င်းတွင် အမည်းရောင်နှင့် အဖြူရောင် ရောယှက်နေသော ထူးခြားသည့် ခန္ဓာကိုယ်ရှိပြီး ဝမ်းဗိုက်ပိုင်း၊ အတောင်ပံနှင့် အမြီးဖျားများမှာ အဖြူရောင် ဖြစ်ကြသည်။ ကြီးမားသော အဝါနုရောင်နှုတ်သီးရှိပြီး နှုတ်သီးပေါ်တွင် ထင်ရှားသော အမောက် (casque) ပါရှိသည်။ အထီးများ၏ အမောက်သည် အမများထက် ပို၍ ကြီးမားသည်။ အထီးများတွင် မျက်လုံးအနီရောင် ရှိပြီး အမများတွင်မူ မျက်လုံးအညိုရောင် ရှိကြသည်

မှတ်ချက်

လင်တစ်ယောက်၊ မယားတစ်ယောက်စနစ် (Monogamous) ကျင့်သုံးသော ငှက်များဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ထုတ်ပြန်ထားသော Red List အရ မျိုးသုဉ်းရန်အန္တရာယ် နည်းပါးသည့်မျိုးစိတ် (Least Concern) အဖြစ် သတ်မှတ်ထားပါသည်။

မြေပုံတွင် ကြည့်မည်

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်
တိရစ္ဆာန်များအား ကြည့်ရှုရန်