ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အထူးပြသမှုများ

ဖွင့်လှစ်မည့်အချိန်: 8 am - 4 pm
နေရာ
View Map
လည်ပတ်ရန် ကြာချိန်

15 minuites

တည်နေရာ အမျိုးအစား

Outdoor

တွားသွားသတ္တဝါပြကွက် အဆောက်အဦး

စပါးအုံး၊ စပါးကြီး၊ လင်းမြွေ၊ ငန်းတော်ကြား၊ မြွေပွေး၊ မြွေဟောက် နှင့် လိပ်များ၊ ပုတ်သင်များ ထိန်းသိမ်းထားသည့် အဆောက်အဦးဖြစ်ပါသည်။

သိကောင်းစရာ အဖြာဖြာ

"ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ တွားသွားသတ္တဝါပြကွက် (Reptile House) အဆောက်အအုံကို ဥယျာဉ်စတင်တည်ထောင်ပြီးနောက် စစ်ကြိုခေတ်ကာလဝန်းကျင်တွင် ဖွင့်လှစ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ဤအဆောက်အအုံသည် အပူပိုင်းဒေသနှင့် အသင့်တော်ဆုံးဖြစ်မည့် လေဝင်လေထွက်စနစ်ကို အဓိကထား တည်ဆောက်ထားခြင်းဖြစ်ပြီး ဥယျာဉ်အတွင်းရှိ ရှေးအကျဆုံး အဆောက်အအုံများအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။
(၂၀၀၀) ပြည့်နှစ်ဝန်းကျင်တွင် အဆင့်မြှင့်တင်မှု အစီအစဉ်အရ ဤပြကွက်ရုံကို ပြန်လည်မွမ်းမံခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် မူလရှေးဟောင်းလက်ရာများ မပျောက်ပျက်စေဘဲ ကြည့်ရှုသူများ မြွေများကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ရန် ခေတ်မီပြကွက်ကာ ဖန်သားပြင်များနှင့် ပိုမိုကောင်းမွန်သော လေအေးပေးစနစ်များကို ပြန်လည်တပ်ဆင်ခဲ့ပါသည်။
အဆောက်အအုံ၏ ဒီဇိုင်းမှာ သွေးအေးသတ္တဝါများဖြစ်သည့် တွားသွားသတ္တဝါများအတွက် လိုအပ်သော အပူချိန်နှင့် စိုထိုင်းဆကို ကိုယ်တိုင်ထိန်းညှိနိုင်ရန် များစွာအထောက်အကူပြုပါသည်။ စပါးကြီးမြွေနှင့် စပါးအုံမြွေများအတွက် အပူအအေးမျှတပြီး ပုန်းခိုရန်နေရာ သာမက ဇောက်နက်သော ကန်ကြီးများကိုလည်း တည်ဆောက်ပေးထားပါသည်။ ထို့ပြင် မြွေပွေးနှင့် မြွေဟောက်များကိုလည်း အများပြည်သူ ကောင်းမွန်စွာ မြင်တွေ့နိုင်စေရန်နှင့် မြွေများ၏ ဇီဝဗေဒသဘောသဘာဝနှင့် ကိုက်ညီစေရန် ရေကန်များ၊ သစ်ပင်ပုများ၊ ကျောက်တုံးကျောက်ဆောင်များနှင့် ဂူငယ်များကို စနစ်တကျ ထည့်သွင်းတည်ဆောက်ထားပါသည်။"

လည်ပတ်သူများအတွက် အကြံပြုချက်

  • တိရစ္ဆာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုမြင်တွေ့နိုင်ဖို့ မနက်ပိုင်းအချိန်တွင် လာရောက်လည်ပတ်ပါ
  • ဘေးကင်းလုံခြုံရေး ဆိုင်းဘုတ်များနှင့် ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာပါ
  • ဝန်ထမ်းများ၏ ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်များကို အစာမကျွေးပါနှင့်

ခရီးစဉ်ကို အခုပဲ စတင်ရေးဆွဲလိုက်ပါ

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။

လည်ပတ်မည်
စိတ်ဝင်စားဖွယ်နေရာများ ထပ်မံကြည့်ရှုရန်