လူကြီးမင်းတို့ လာရောက်လည်ပတ်စဉ်အတွင်း တိရစ္ဆာန်များ၊ လာရောက်လည်ပတ်သူများနှင့် ဝန်ထမ်းများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကြည်နူးဖွယ်ကောင်းသော ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် အောက်ပါလမ်းညွှန်ချက်များကို လိုက်နာပေးပါ။
တိရစ္ဆာန်များအား လေးစားတန်ဖိုးထားပြီး အနှောင့်အယှက်မဖြစ်စေရန် ဆောင်ရွက်ပါ။
တိရစ္ဆာန်များ၏ သဘာဝအပြုအမူများကို လေ့လာကြည့်ရှုပါ။
ဥယျာဉ်အတွင်းရှိ သစ်ပင်ပန်းမန်များအား မဖျက်ဆီးဘဲ တန်ဖိုးထား ဂရုစိုက်ပါ။
ဥယျာဉ်သန့်ရှင်းရေးအတွက် အမှိုက်များကို အမှိုက်ပုံးများအတွင်းသို့ စွန့်ပစ်ပါ။
တိရစ္ဆာန်များအား လုံခြုံစိတ်ချရသော အကွာအဝေးမှသာ ကြည့်ရှုပါ။
တိရစ္ဆာန်များ၏ လုံခြုံရေးအတွက် အိမ်မွေးတိရစ္ဆာန်များကို ဥယျာဉ်အတွင်း ခေါ်ဆောင်လာခြင်း မပြုရ။
ဥယျာဉ်အတွင်း အသံချဲ့စက်များနှင့် sound box များ ယူဆောင်လာခြင်း မပြုရ။
တိရစ္ဆာန်များအား စနောက်ခြင်း၊ အနှောင့်အယှက်ပေးခြင်းများ မပြုလုပ်ရ။
တိရစ္ဆာန်များကို မိမိအလိုအလျောက် လွှတ်ပေးခြင်း မပြုလုပ်ရ။
ဥယျာဉ်အတွင်း ငါးဖမ်းခြင်းနှင့် ရေကူးခြင်းများ မပြုလုပ်ရ။
ဥယျာဉ်အတွင်း မီးမွှေးခြင်းများ မပြုလုပ်ရ။
ဓား၊ သေနတ်၊ လက်နက်ခဲယမ်း စသည့် လက်နက်များကို ဥယျာဉ်အတွင်း ယူဆောင်ခွင့် မပြုပါ။